text
stringlengths
16
1.97k
syllable
stringlengths
20
2.49k
ရစ်တာကမူကား၊ ဒေသတခုတွင် ဖြစ်ပေါ်နေသော အချင်းအရာ များကို တသီးတခြားစီ မလေ့ လာဘဲ၊ ယင်းတို့အားလုံးကိုခြုံ၍ တခုနှင့်တခု အပြန်အလှန် ဆက်စပ်တည်ရှိနေပုံကို လေ့လာသည်။
ရစ် တာ က မူ ကား ၊ ဒေ သ တ ခု တွင် ဖြစ် ပေါ် နေ သော အ ချင်း အ ရာ များ ကို တ သီး တ ခြား စီ မ လေ့ လာ ဘဲ ၊ ယင်း တို့ အား လုံး ကို ခြုံ ၍ တ ခု နှင့် တ ခု အ ပြန် အ လှန် ဆက် စပ် တည် ရှိ နေ ပုံ ကို လေ့ လာ သည် ။
စင်စစ် အားဖြင့် ထိုပညာရှင် နှစ်ဦးသည် နှစ်နည်းစလုံးဖြင့်ပင် လေ့လာခဲ့ကြပေ၏။
စင် စစ် အား ဖြင့် ထို ပ ညာ ရှင် နှစ် ဦး သည် နှစ် နည်း စ လုံး ဖြင့် ပင် လေ့ လာ ခဲ့ ကြ ပေ ၏ ။
အထူးအလေးဂရုပြုပုံ၌သာ ကွာခြါးကြ သည်။
အ ထူး အ လေး ဂ ရု ပြု ပုံ ၌ သာ ကွာ ခြါး ကြ သည် ။
ခေတ်မှီ ပညာရှင်တို့ကလည်း ဤကဲ့သို့ အကြောင်း အရာအလိုက် လေ့လာနည်း၊ ဒေသအလိုက် လေ့လာနည်းဟူ၍ မခွဲခြါးဘဲ၊ ထိုနည်း ၂ မျိုးကို ပေါင်းစပ်၍ လေ့လာရန် လိုအပ် သည်ဟု အသိအမှတ်ပြုကြသည်။
ခေတ် မှီ ပ ညာ ရှင် တို့ က လည်း ဤ ကဲ့ သို့ အ ကြောင်း အ ရာ အ လိုက် လေ့ လာ နည်း ၊ ဒေ သ အ လိုက် လေ့ လာ နည်း ဟူ ၍ မ ခွဲ ခြါး ဘဲ ၊ ထို နည်း ၂ မျိုး ကို ပေါင်း စပ် ၍ လေ့ လာ ရန် လို အပ် သည် ဟု အ သိ အ မှတ် ပြု ကြ သည် ။
ပထဝီဝင်ကို လူကြီးများသာမက ကလေးများပင် စိတ်ပါ ဝင်စားစွာဖြင့် လေ့လာနိုင်ကြသည်။
ပ ထ ဝီ ဝင် ကို လူ ကြီး များ သာ မ က က လေး များ ပင် စိတ် ပါ ဝင် စား စွာ ဖြင့် လေ့ လာ နိုင် ကြ သည် ။
မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် သင်ကြားရသော ပထဝီဝင်သည် အများ အားဖြင့် ကမ္ဘာအရပ်ရပ်၌ မြေပြင်လက္ခဏာများ မည်ကဲ့သို့ တည်ရှိကြပုံ၊ လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက် ကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့် လေ့လာသည်။
မူ လ တန်း နှင့် မူ လ တန်း လွန် ကျောင်း များ တွင် သင် ကြား ရ သော ပ ထ ဝီ ဝင် သည် အ များ အား ဖြင့် ကမ္ဘာ အ ရပ် ရပ် ၌ မြေ ပြင် လက္ခ ဏာ များ မည် ကဲ့ သို့ တည် ရှိ ကြ ပုံ ၊ လူ တို့ မည် ကဲ့ သို့ နေ ထိုင် လုပ် ကိုင် စား သောက် ကြ ပုံ စ သည် တို့ ကို အ ကျိုး အ ကြောင်း နှင့် လေ့ လာ သည် ။
ပိုမို အဆင့်အတန်း မြင့်လာသောအခါ ပထဝီဝင်ကို သဘာဝ ပထဝီဝင်၊ မနုဿ ပထဝီဝင်၊ စီးပွားရေးပထဝီဝင်၊ ဒေသန္တရ ပထဝီဝင် စသည်ဖြင့် ခွဲခြား၍ အသေးစိတ် လေ့လာကြသည်။
ပို မို အ ဆင့် အ တန်း မြင့် လာ သော အ ခါ ပ ထ ဝီ ဝင် ကို သ ဘာ ဝ ပ ထ ဝီ ဝင် ၊ မ နုဿ ပ ထ ဝီ ဝင် ၊ စီး ပွား ရေး ပ ထ ဝီ ဝင် ၊ ဒေ သန္တ ရ ပ ထ ဝီ ဝင် စ သည် ဖြင့် ခွဲ ခြား ၍ အ သေး စိတ် လေ့ လာ ကြ သည် ။
သို့ရာတွင် ယင်းတို့ အားလုံးသည် သဘာဝပထဝီနှင့် လူ၊ သစ်ပင်၊ တိရစ္ဆာန်တို့ ဆက်သွယ်တည်ရှိနေကြပုံ၊ တစ်ခုနှင့် တစ်ခု အားထားမှီခိုနေကြပုံ စသည်တို့ကို အဓိကထား၍ လေ့လာကြသည်ချည်းသာ ဖြစ်သည်။
သို့ ရာ တွင် ယင်း တို့ အား လုံး သည် သ ဘာ ဝ ပ ထ ဝီ နှင့် လူ ၊ သစ် ပင် ၊ တိ ရစ္ဆာန် တို့ ဆက် သွယ် တည် ရှိ နေ ကြ ပုံ ၊ တစ် ခု နှင့် တစ် ခု အား ထား မှီ ခို နေ ကြ ပုံ စ သည် တို့ ကို အ ဓိ က ထား ၍ လေ့ လာ ကြ သည် ချည်း သာ ဖြစ် သည် ။
ပထဝီဝင်၏ အစိတ်အပိုင်းများ ပထဝီဝင်သည် ကျယ်ဝန်းသော ပညာတစ်ရပ်ဖြစ်၍၊ လွယ်ကူစိမ့်သောငှါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သဘာဝ ပထဝီဝင်၊ မနုဿပထဝီဝင်စသည်ဖြင့် အစိတ် အပိုင်းများပြုလုပ်၍ ခွဲခြါးလေ့လာကြသည်။
ပ ထ ဝီ ဝင် ၏ အ စိတ် အ ပိုင်း များ ပ ထ ဝီ ဝင် သည် ကျယ် ဝန်း သော ပ ညာ တစ် ရပ် ဖြစ် ၍ ၊ လွယ် ကူ စိမ့် သော ငှါ အ ထက် တွင် ဖော် ပြ ခဲ့ သည့် အ တိုင်း သ ဘာ ဝ ပ ထ ဝီ ဝင် ၊ မ နုဿ ပ ထ ဝီ ဝင် စ သည် ဖြင့် အ စိတ် အ ပိုင်း များ ပြု လုပ် ၍ ခွဲ ခြါး လေ့ လာ ကြ သည် ။
ပုံစံအားဖြင့် သဘာဝပထဝီသည် သက်ရှိ သတ္တဝါတို့အပေါ် မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို အသေအချာကြည့်ရှု စစ်ဆေးခြင်းဖြင့် ပထဝီဝင်ကို လေ့လာကြသည်။
ပုံ စံ အား ဖြင့် သ ဘာ ဝ ပ ထ ဝီ သည် သက် ရှိ သတ္တ ဝါ တို့ အ ပေါ် မည် ကဲ့ သို့ ပြု ပြင် နိုင် ကြောင်း ကို အ သေ အ ချာ ကြည့် ရှု စစ် ဆေး ခြင်း ဖြင့် ပ ထ ဝီ ဝင် ကို လေ့ လာ ကြ သည် ။
တစ်ဖန် အပြန် အလှန်အားဖြင့် သက်ရှိသတ္တဝါများနှင့် ယင်းတို့၏ အပြုအမူ များက သဘာဝပထဝီဝင်ကို မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို စူးစမ်းလေ့လာခြင်းဖြင့်လည်း ပထဝီဝင်ကို လေ့လာကြသည်။
တစ် ဖန် အ ပြန် အ လှန် အား ဖြင့် သက် ရှိ သတ္တ ဝါ များ နှင့် ယင်း တို့ ၏ အ ပြု အ မူ များ က သ ဘာ ဝ ပ ထ ဝီ ဝင် ကို မည် ကဲ့ သို့ ပြု ပြင် နိုင် ကြောင်း ကို စူး စမ်း လေ့ လာ ခြင်း ဖြင့် လည်း ပ ထ ဝီ ဝင် ကို လေ့ လာ ကြ သည် ။
သဘာဝပထဝီဝင် သဘာဝပထဝီဝင်ကို လေ့လာရာ၌ အချို့ပညာရှင်တို့သည် တောင်တန်းကြီး၊ ကုန်းပြင်မြင့်၊ လွင်ပြင် အစရှိသည့် ကုန်းမြေ လက္ခဏာများကို ဂရုစိုက်၍ လေ့လာကြသည်။
သ ဘာ ဝ ပ ထ ဝီ ဝင် သ ဘာ ဝ ပ ထ ဝီ ဝင် ကို လေ့ လာ ရာ ၌ အ ချို့ ပ ညာ ရှင် တို့ သည် တောင် တန်း ကြီး ၊ ကုန်း ပြင် မြင့် ၊ လွင် ပြင် အ စ ရှိ သည့် ကုန်း မြေ လက္ခ ဏာ များ ကို ဂ ရု စိုက် ၍ လေ့ လာ ကြ သည် ။
အချို့ကမူ သမုဒ္ဒရာကြီးများ၊ သို့မဟုတ် ရာသီဥတု၊ မိုးလေဝသ စသည် တို့ကို အသေးစိတ်၍ လေ့လာကြသည်။
အ ချို့ က မူ သ မုဒ္ဒ ရာ ကြီး များ ၊ သို့ မ ဟုတ် ရာ သီ ဥ တု ၊ မိုး လေ ဝ သ စ သည် တို့ ကို အ သေး စိတ် ၍ လေ့ လာ ကြ သည် ။
အချို့ကလည်း ကမ္ဘာ ပေါ်ရှိ နေရာများကို အတိအကျမှတ်သားပြနိုင်ရန်လေ့လာကြ၏။
အ ချို့ က လည်း ကမ္ဘာ ပေါ် ရှိ နေ ရာ များ ကို အ တိ အ ကျ မှတ် သား ပြ နိုင် ရန် လေ့ လာ ကြ ၏ ။
ယင်းသည့် အစိတ်အပိုင်းတစ်ခုစီသည် သိပ္ပံပညာရပ်များ အဖြစ်ဖြင့် သီးခြားတည်ရှိနေကြခြင်းကြောင့် ယင်းတို့တွင်လည်း သီးခြားအမည်များရှိကြ၏။
ယင်း သည့် အ စိတ် အ ပိုင်း တစ် ခု စီ သည် သိပ္ပံ ပ ညာ ရပ် များ အ ဖြစ် ဖြင့် သီး ခြား တည် ရှိ နေ ကြ ခြင်း ကြောင့် ယင်း တို့ တွင် လည်း သီး ခြား အ မည် များ ရှိ ကြ ၏ ။
ဘူမိရုပ်သွင်ပညာသည် ကုန်းမြေ သဏ္ဌာန်များကို လေ့လာသောပညာရပ်ဖြစ်သည်။
ဘူ မိ ရုပ် သွင် ပ ညာ သည် ကုန်း မြေ သဏ္ဌာန် များ ကို လေ့ လာ သော ပ ညာ ရပ် ဖြစ် သည် ။
တစ်နည်း အားဖြင့် ကမ္ဘာ့မျက်နှာပြင်အကြောင်းကို ဖော်ပြ၍၊ ယင်းတို့ စတင်ဖြစ်ပေါ်လာကြပုံ၊ ပြောင်းလဲလာခဲ့ကြပုံ စသည်တို့ကို ရှင်းလင်းဖော်ပြသော ပညာရပ်ဖြစ်သည်။
တစ် နည်း အား ဖြင့် ကမ္ဘာ့ မျက် နှာ ပြင် အ ကြောင်း ကို ဖော် ပြ ၍ ၊ ယင်း တို့ စ တင် ဖြစ် ပေါ် လာ ကြ ပုံ ၊ ပြောင်း လဲ လာ ခဲ့ ကြ ပုံ စ သည် တို့ ကို ရှင်း လင်း ဖော် ပြ သော ပ ညာ ရပ် ဖြစ် သည် ။
ထို့ပြင် မြင့်မားသော တောင်များပေါ်မှ တိုက်စားချလိုက်သော မြေသားများ နိမ့်သော အရပ်များတွင် စုပုံခြင်းဖြင့် လွင့်ပြင်များ ဖြစ်ပေါ်လာကြပုံ၊ ပင်လယ်တွင်းသို့ စီးဝင်သော မြစ်များ ရေးစီး နှေးလာပြီးလျှင် မြစ်ညာမှ ယူဆောင်လာခဲ့သော အနည်များကို မြစ်ဝ၌ စုပုံ ချထားခြင်းကြောင့် မြစ်ဝကျွန်းပေါ်များဖြစ်လာကြပုံ စသည် တို့ကိုလည်း ရှင်းလင်းဖ...
ထို့ ပြင် မြင့် မား သော တောင် များ ပေါ် မှ တိုက် စား ချ လိုက် သော မြေ သား များ နိမ့် သော အ ရပ် များ တွင် စု ပုံ ခြင်း ဖြင့် လွင့် ပြင် များ ဖြစ် ပေါ် လာ ကြ ပုံ ၊ ပင် လယ် တွင်း သို့ စီး ဝင် သော မြစ် များ ရေး စီး နှေး လာ ပြီး လျှင် မြစ် ညာ မှ ယူ ဆောင် လာ ခဲ့ သော အ နည် များ ကို မြစ် ဝ ၌ စု ပုံ ချ ထား ခြင်း ကြောင့် မြစ် ဝ ...
ပထဝီဝင် ဘာသာရပ်တွင် ရူပ ပထဝီဝင် (Physical geography) နှင့် လူမှု ပထဝီဝင် (Human geography) ဟူ၍ ပင်မ ဘာသာရပ်ခွဲ ၂ ခု ခွဲခြားလေ့လာသည်။
ပ ထ ဝီ ဝင် ဘာ သာ ရပ် တွင် ရူ ပ ပ ထ ဝီ ဝင် (Physical geography ) နှင့် လူ မှု ပ ထ ဝီ ဝင် (Human geography ) ဟူ ၍ ပင် မ ဘာ သာ ရပ် ခွဲ ၂ ခု ခွဲ ခြား လေ့ လာ သည် ။
လူမှု ပထဝီဝင် ကို လေ့လာရာတွင် ဒေသ၊ နိုင်ငံတခု ၏ လူဦးရေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး … အစ ရှိသော အကြောင်းအရာများကို သာမက မြေအသုံးချမှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း စသည်များကိုပါ လေ့လာသည်။
လူ မှု ပ ထ ဝီ ဝင် ကို လေ့ လာ ရာ တွင် ဒေ သ ၊ နိုင် ငံ တ ခု ၏ လူ ဦး ရေ ၊ ယဉ် ကျေး မှု ၊ နိုင် ငံ ရေး ၊ စီး ပွား ရေး … အ စ ရှိ သော အ ကြောင်း အ ရာ များ ကို သာ မ က မြေ အ သုံး ချ မှု ၊ စိုက် ပျိုး ရေး ၊ စက် မှု လုပ် ငန်း စ သည် များ ကို ပါ လေ့ လာ သည် ။
ပထဝီဝင် ပညာရှင်များသည် မြေပုံပေါင်းများစွာကို ရေးဆွဲ အသုံးပြုကြသည်။
ပ ထ ဝီ ဝင် ပ ညာ ရှင် များ သည် မြေ ပုံ ပေါင်း များ စွာ ကို ရေး ဆွဲ အ သုံး ပြု ကြ သည် ။
အာရှတိုက်ကို အာဖကာယူရေး‌ရှား၏ ကုန်းမြေ အစိတ်အပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။
အာ ရှ တိုက် ကို အာ ဖ ကာ ယူ ရေး‌ ရှား ၏ ကုန်း မြေ အ စိတ် အ ပိုင်း ဟု ခေါ် ဆို လေ့ ရှိ ကြ သည် ။
အာရှတိုက်သည် ကမ္ဘာ့မျက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံတားသည်။
အာ ရှ တိုက် သည် ကမ္ဘာ့ မျက် နှာ ပြင် ၏ ၈ . ၇ ရာ ခိုင် နှုန်း သို့ မ ဟုတ် ကမ္ဘာ့ ကုန်း မြေ ဧ ရိ ယာ ၏ ၂၉ . ၇ ရာ ခိုင် နှုန်း ကို လွှမ်း ခြုံ တား သည် ။
ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အာရှတိုက်တွင် နေထိုင်ကြသည်။
ကမ္ဘာ့ လူ ဦး ရေ ၏ ၆၀ ရာ ခိုင် နှုန်း သည် အာ ရှ တိုက် တွင် နေ ထိုင် ကြ သည် ။
အာရှဆိုသောအမည်အား ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။
အာ ရှ ဆို သော အ မည် အား ၄၀ ၀ ခန့် က ဟီ ရို ဒိုး တပ် က အာ ရှ မိုင် နား ဟု ပ ထ မ ဆုံး ညွှန်း ဆို ကြောင်း တွေ့ ရှိ ရ သည် ။
အာရှ၏ (ပထဝီ အနေအထားအရ ယူရေးစီယမ် ဥရောပ - အာရှ၏ ကျွန်းဆွယ်ဟု ခေါ်ဆိုနိုင်သော) ဥရောပနှင့် ထိစပ်နေသောအပိုင်းသည် ယူရယ်တောင်တန်းများ၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ်၊ ကော့ကေးဆပ်ပင်လယ်၊ ပင်လယ်နက်၊ အီဂျီယမ်ပင်လယ်၊ ဘော့(စ်)ပေါရပ်(စ်)ဒေသ နှင့် ဒါဒင်နယ်လီ ရေလက်ကြားတလျှောက် ဖြစ်သည်။
အာ ရှ ၏ ( ပ ထ ဝီ အ နေ အ ထား အ ရ ယူ ရေး စီ ယမ် ဥ ရော ပ - အာ ရှ ၏ ကျွန်း ဆွယ် ဟု ခေါ် ဆို နိုင် သော ) ဥ ရော ပ နှင့် ထိ စပ် နေ သော အ ပိုင်း သည် ယူ ရယ် တောင် တန်း များ ၊ ယူ ရယ် မြစ် ၊ ကက် စ ပီ ယံ ပင် လယ် ၊ ကော့ ကေး ဆပ် ပင် လယ် ၊ ပင် လယ် နက် ၊ အီ ဂျီ ယမ် ပင် လယ် ၊ ဘော့ (စ် ) ပေါ ရပ် (စ် ) ဒေ သ နှင့် ဒါ ဒင် နယ် လီ ရေ လက် ကြာ...
အာရှ၏ အာဖရိကနှင့် ထိစပ်မှုသည် မြေထဲပင်လယ်နှင့် ပင်လယ်နီကို ဆက်သွယ်ပေးသော စူးအက်တူးမြောင်းသာလျှင် ခြားသည်။
အာ ရှ ၏ အာ ဖ ရိ က နှင့် ထိ စပ် မှု သည် မြေ ထဲ ပင် လယ် နှင့် ပင် လယ် နီ ကို ဆက် သွယ် ပေး သော စူး အက် တူး မြောင်း သာ လျှင် ခြား သည် ။
အာရှ၏အရှေ့မြောက် အစွန်တွင်ရှိသော ဆိုက်ဘေးရီးယားဆိုလျှင် မြောက်အမေရိကတိုက်နှင့် ဘာရင်းရေလက်ကြားသာ ခြားသည်။
အာ ရှ ၏ အ ရှေ့ မြောက် အ စွန် တွင် ရှိ သော ဆိုက် ဘေး ရီး ယား ဆို လျှင် မြောက် အ မေ ရိ က တိုက် နှင့် ဘာ ရင်း ရေ လက် ကြား သာ ခြား သည် ။
အာရှတိုက်၏ တောင်ဘက်နယ်နမိတ်မှာ အေဒင်ပင်လယ်ကွေ့၊ အာရေဗီယမ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်-အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပင်လယ်ဝါ၊ ဂျပန်ပင်လယ်၊ အော့ခို့(စ်ထ်)ပင်လယ်နှင့် ဘာရင်း ပင်လယ်- မြောက်ဘက်နယ်နမိတ်မှာ အာတိတ်သမုဒ္ဒရာတို့ ဖြစ်ကြသည်။
အာ ရှ တိုက် ၏ တောင် ဘက် နယ် န မိတ် မှာ အေ ဒင် ပင် လယ် ကွေ့ ၊ အာ ရေ ဗီ ယမ် ပင် လယ် နှင့် ဘင်္ဂ လား ပင် လယ် အော် - အ ရှေ့ ဘက် တွင် တောင် တ ရုတ် ပင် လယ် ၊ အ ရှေ့ တ ရုတ် ပင် လယ် ၊ ပင် လယ် ဝါ ၊ ဂျ ပန် ပင် လယ် ၊ အော့ ခို့ (စ်ထ် ) ပင် လယ် နှင့် ဘာ ရင်း ပင် လယ် - မြောက် ဘက် နယ် န မိတ် မှာ အာ တိတ် သ မုဒ္ဒ ရာ တို့ ဖြစ် ကြ သည် ။
ဘူမိဗေဒရှုထောင့်မှ ကြည့်လျှင် အာရှတိုက်သည် သက်တမ်းရင့် မြေထုများဖြင့် ဖွဲ့စည်းထားသည်။
ဘူ မိ ဗေ ဒ ရှု ထောင့် မှ ကြည့် လျှင် အာ ရှ တိုက် သည် သက် တမ်း ရင့် မြေ ထု များ ဖြင့် ဖွဲ့ စည်း ထား သည် ။
တောင်ဘက်ပိုင်းမှ အာရေဘီယမ်နှင့် အိန္ဒိယကျွန်းဆွယ် နှင့် မြောက်ဘက်ပိုင်းမှ ဆိုက်ဘေးရီးယား ကုန်းမြင့်များသည် အာရှအလယ်ပိုင်းမှ တွန့်လိပ်နေသော ကုန်းတန်းများ ခင်တန်းများကို ကာရံလျက် ရှိသည်။
တောင် ဘက် ပိုင်း မှ အာ ရေ ဘီ ယမ် နှင့် အိန္ဒိ ယ ကျွန်း ဆွယ် နှင့် မြောက် ဘက် ပိုင်း မှ ဆိုက် ဘေး ရီး ယား ကုန်း မြင့် များ သည် အာ ရှ အ လယ် ပိုင်း မှ တွန့် လိပ် နေ သော ကုန်း တန်း များ ခင် တန်း များ ကို ကာ ရံ လျက် ရှိ သည် ။
အာရှတိုက်၏ အနောက်အလယ်ပိုင်းနှင့် ဆိုက်ဘေးရီးယား ဒေသအများစုကို မြောက်ဘက်မြေနိမ့်ဒေသ၊ ကျယ်ဝန်းလှသော တရုတ်ပြည် တိဘက်ဒေသကို (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀၀ / မီတာ ၄၅၇၀ ) အလယ်ပိုင်း ကုန်းမြင့်ဒေသ၊ ယင်းကို ကမ္ဘာ့ အကြီးဆုံးတောင်တန်းများ ဖြစ်ကြသော ဟိမဝန္တာ၊ ခါရာကိုရမ်၊ ခွန်လွန်၊ သီယမ်ရှန်း နှင့် ဟိန္ဒူကွတ်(ရှ်) တို့က ဝန်းရံထ...
အာ ရှ တိုက် ၏ အ နောက် အ လယ် ပိုင်း နှင့် ဆိုက် ဘေး ရီး ယား ဒေ သ အ များ စု ကို မြောက် ဘက် မြေ နိမ့် ဒေ သ ၊ ကျယ် ဝန်း လှ သော တ ရုတ် ပြည် တိ ဘက် ဒေ သ ကို ( ပင် လယ် ရေ မျက် နှာ ပြင် အ ထက် ပေ ၁၅ ၀၀ ၀ / မီ တာ ၄၅ ၇၀ ) အ လယ် ပိုင်း ကုန်း မြင့် ဒေ သ ၊ ယင်း ကို ကမ္ဘာ့ အ ကြီး ဆုံး တောင် တန်း များ ဖြစ် ကြ သော ဟိ မ ဝန္တာ ၊ ခါ ရာ ကိ...
တောင်ပိုင်း အိန္ဒိယနှင့် အာရေဘီယမ် ကျွန်းဆွယ်မှ တောင်ကြောများသည် ဂန်းဂျပ်(စ်)နှင့် တိဂရစ်-ယူဖရေးတီး(စ်) လွင်ပြင်များအထိ သွယ်တန်းမိသည်။
တောင် ပိုင်း အိန္ဒိ ယ နှင့် အာ ရေ ဘီ ယမ် ကျွန်း ဆွယ် မှ တောင် ကြော များ သည် ဂန်း ဂျပ် (စ် ) နှင့် တိ ဂ ရစ် - ယူ ဖ ရေး တီး (စ် ) လွင် ပြင် များ အ ထိ သွယ် တန်း မိ သည် ။
အာရှအရှေ့ပိုင်း မြေနိမ့်ဒေသ -တရုတ်ပြည်- တွင်လည်း တောင်ကုန်းများက အလယ်ပိုင်း ကုန်းမြင့်ဇုံအဖြစ် ပုံဖော်ပေးထားသည်။
အာ ရှ အ ရှေ့ ပိုင်း မြေ နိမ့် ဒေ သ - တ ရုတ် ပြည် - တွင် လည်း တောင် ကုန်း များ က အ လယ် ပိုင်း ကုန်း မြင့် ဇုံ အ ဖြစ် ပုံ ဖော် ပေး ထား သည် ။
မှ ကမ္ဘာ့အမြင့်ဆုံး ထွတ် (ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၃၅/ မီတာ ၈၈၅၀) နှင့် ဂျော်ဒန်နိုင်ငံမှ ကမ္ဘာ့အနိမ့်ဆုံး ပင်လယ်သေ (ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၃၁၂/ မီတာ ၄၀၀) တို့သည် အာရှတိုက်တွင်ပင် ရှိသည်။
မှ ကမ္ဘာ့ အ မြင့် ဆုံး ထွတ် ( ပင် လယ် ရေ မျက် နှာ ပြင် အ ထက် ပေ ၂၉ ၀၃ ၅ / မီ တာ ၈၈ ၅၀ ) နှင့် ဂျော် ဒန် နိုင် ငံ မှ ကမ္ဘာ့ အ နိမ့် ဆုံး ပင် လယ် သေ ( ပင် လယ် ရေ မျက် နှာ ပြင် အောက် ပေ ၁၃ ၁၂ / မီ တာ ၄၀ ၀ ) တို့ သည် အာ ရှ တိုက် တွင် ပင် ရှိ သည် ။
မိခင်မြေထုမှ တိုးချဲ့ထွက်လာသော ကျွန်းဆွယ်များသည် များကို ပင်လယ်များ၊ ပင်လယ်အော်များအဖြစ် ကွဲသွားစေကုန်သည်။
မိ ခင် မြေ ထု မှ တိုး ချဲ့ ထွက် လာ သော ကျွန်း ဆွယ် များ သည် များ ကို ပင် လယ် များ ၊ ပင် လယ် အော် များ အ ဖြစ် ကွဲ သွား စေ ကုန် သည် ။
အာရှ၏ ကမ္ဘာ့အရှည်ဆုံး စာရင်းဝင် မြစ်များသည် တောင်ကုန်းများတွင် မြစ်ဖျားခံ၍ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားကြသည်။
အာ ရှ ၏ ကမ္ဘာ့ အ ရှည် ဆုံး စာ ရင်း ဝင် မြစ် များ သည် တောင် ကုန်း များ တွင် မြစ် ဖျား ခံ ၍ မြေ နိမ့် ပိုင်း သို့ စီး ဆင်း သွား ကြ သည် ။
ထိုမြစ်များမှာ ဆိုက်ဘေးရီးယားမှ အော့(ဘ်)အားတိ(ရှ်)၊ ယန်နီဆဲ-အာဂါနာ နှင့် လီနာ၊ အရှေ့နှင့် ရှေ့တောင်အာရှမှ အမ်မော်-အာဂန်၊ ဟွမ်ဟီး ၊ ကျန်ဇီ (ယန်စီ)၊ ၊ နှင့် ၊ တောင်နှင့် အနောက်တောင်အာရှမှ ဂန်းဂျပ်(စ်)-ဗြဟ္မာပူထရာ၊ အင်ဒူး(စ်) နှင့် တိဂရစ်-ယူဖရေးတီး(စ်)၊ အာရှအလယ်ပိုင်းမှ အမူဒါယာ၊ ဆီးဒါယာ၊ အီလီနှင့် တာရင်း-၎င်းမြစ်များမှရေသ...
ထို မြစ် များ မှာ ဆိုက် ဘေး ရီး ယား မှ အော့ (ဘ် ) အား တိ ( ရှ် ) ၊ ယန် နီ ဆဲ - အာ ဂါ နာ နှင့် လီ နာ ၊ အ ရှေ့ နှင့် ရှေ့ တောင် အာ ရှ မှ အမ် မော် - အာ ဂန် ၊ ဟွမ် ဟီး ၊ ကျန် ဇီ ( ယန် စီ ) ၊ ၊ နှင့် ၊ တောင် နှင့် အ နောက် တောင် အာ ရှ မှ ဂန်း ဂျပ် (စ် ) - ဗြဟ္မာ ပူ ထ ရာ ၊ အင် ဒူး (စ် ) နှင့် တိ ဂ ရစ် - ယူ ဖ ရေး တီး (စ် ) ၊ အ...
အေရယ်ပင်လယ်၊ ဘေကာရေကန် နှင့် ဘာကတ်(ရှ်)ရေကန် တို့သည် ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကန်များ ဖြစ်ကြသည်။
အေ ရယ် ပင် လယ် ၊ ဘေ ကာ ရေ ကန် နှင့် ဘာ ကတ် ( ရှ် ) ရေ ကန် တို့ သည် ကမ္ဘာ့ အ ကြီး ဆုံး စာ ရင်း ဝင် ကန် များ ဖြစ် ကြ သည် ။
အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ့နေသော ဒေသများထိ ရာသီဥတုမျိုးစုံ တွေ့နိုင်သည်။
အာ ရှ တိုက် ၏ ရာ သီ ဥ တု မှာ အ ပူ ပြင်း ဆုံး သဲ ကန္တာ ရ မှ အေး ခဲ နေ သော ရေ ခဲ ပြင် ၊ မုတ် သုံ မိုး ကြောင့် အ မြဲ စို စွတ် သော ဒေ သ များ မှ အ မြဲ ခြောက် သွေ့ နေ သော ဒေ သ များ ထိ ရာ သီ ဥ တု မျိုး စုံ တွေ့ နိုင် သည် ။
အာရှတိုက်ကို သိသာထင်ရှားလှသော ယဉ်‌ကျေးမှု ၊၊ နိုင်ငံရေး နှင့် ရုပ်ဝတ္ထုပစ္စည်း ဝိသေသလက္ခဏာများကို အခြေခံ၍ အပိုင်းခြောက်ပိုင်း ခွဲခြားထားသည်။
အာ ရှ တိုက် ကို သိ သာ ထင် ရှား လှ သော ယဉ်‌ ကျေး မှု ၊ ၊ နိုင် ငံ ရေး နှင့် ရုပ် ဝတ္ထု ပစ္စည်း ဝိ သေ သ လက္ခ ဏာ များ ကို အ ခြေ ခံ ၍ အ ပိုင်း ခြောက် ပိုင်း ခွဲ ခြား ထား သည် ။
အနောက်တောင်ပိုင်း(အီရန်၊ အာရှမိုင်းနာမှ ၊အာရေးဘီးယားကျွန်းဆွယ်၊ နှင့် မြေဆီကောင်းပြီး စိုက်ပျိုးရေးလွယ်ကူသော နိုင်ငံများ) ၏ ထင်ရှားသော လက္ခဏာများမှာ ခြောက်သွေ့သော ရာသီဥတုနှင့် ရေသွင်းစိုက်ပျိုးရေး၊ ကြီးကျယ်သော ရေနံလုပ်ငန်းနှင့် လွမ်းမိုးထားသော အစ္စလာမ်သာတို့ဖြစ်သည်။
အ နောက် တောင် ပိုင်း ( အီ ရန် ၊ အာ ရှ မိုင်း နာ မှ ၊ အာ ရေး ဘီး ယား ကျွန်း ဆွယ် ၊ နှင့် မြေ ဆီ ကောင်း ပြီး စိုက် ပျိုး ရေး လွယ် ကူ သော နိုင် ငံ များ ) ၏ ထင် ရှား သော လက္ခ ဏာ များ မှာ ခြောက် သွေ့ သော ရာ သီ ဥ တု နှင့် ရေ သွင်း စိုက် ပျိုး ရေး ၊ ကြီး ကျယ် သော ရေ နံ လုပ် ငန်း နှင့် လွမ်း မိုး ထား သော အစ္စ လာမ် သာ တို့ ဖြစ်...
အာရှတောင်ပိုင်း (အာဖဂန်နစ္စတန်နှင့် မှ ဒေသအများစု) ကို ကြီးမားသော တောင်တန်းကြီးများက ကျန်အာရှအပိုင်းများနှင့် မတူအောင်ခွဲခြားပေးထားသည်။
အာ ရှ တောင် ပိုင်း ( အာ ဖ ဂန် နစ္စ တန် နှင့် မှ ဒေ သ အ များ စု ) ကို ကြီး မား သော တောင် တန်း ကြီး များ က ကျန် အာ ရှ အ ပိုင်း များ နှင့် မ တူ အောင် ခွဲ ခြား ပေး ထား သည် ။
အရှေ့တောင်ပိုင်း(အရှေ့တောင်အာရှ ကျွန်းဆွယ်များနှင့် မလေးကျွန်းစုများ)၏ ဝိသေသများမှာ မုတ်သုံရာသီဥတု၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရောနှောနေသော နှင့် အိန္ဒိယ ယဉ်ကျေးမှူများ၊ မြောက်မြားလှစွာသော လူမျိုးစုများ၊ ဘာသာစကားများ၊ နိုင်ငံရေးသမားများနှင့် ကိုးကွယ်ယုံကြည်မှူများ ဖြစ်ကြသည်။
အ ရှေ့ တောင် ပိုင်း ( အ ရှေ့ တောင် အာ ရှ ကျွန်း ဆွယ် များ နှင့် မ လေး ကျွန်း စု များ ) ၏ ဝိ သေ သ များ မှာ မုတ် သုံ ရာ သီ ဥ တု ၊ ပင် လယ် ငါး ဖမ်း လုပ် ငန်း ၊ ရော နှော နေ သော နှင့် အိန္ဒိ ယ ယဉ် ကျေး မှူ များ ၊ မြောက် မြား လှ စွာ သော လူ မျိုး စု များ ၊ ဘာ သာ စ ကား များ ၊ နိုင် ငံ ရေး သ မား များ နှင့် ကိုး ကွယ် ယုံ ကြည် မှ...
အရှေ့ပိုင်း(တရုတ်၊ မွန်ဂိုလီးယား၊ ၊ ထိုင်ဝမ်နှင့် ဂျပန် ကျွန်းများ)သည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းလောက်တွင်ရှိပြီး ၎င်းဒေသများ၏ ယဉ်ကျေးမှူမှာ ဟွမ်ဟီးနှင့် ကျန်ဇီမြစ်ကမ်းဘေး လူနေမှူပုံစံက ကြီးစွာလွှမ်းမိုးထားသည်။
အ ရှေ့ ပိုင်း ( တ ရုတ် ၊ မွန် ဂို လီး ယား ၊ ၊ ထိုင် ဝမ် နှင့် ဂျ ပန် ကျွန်း များ ) သည် ပ စိ ဖိတ် သ မုဒ္ဒ ရာ အ လယ် ပိုင်း လောက် တွင် ရှိ ပြီး ၎င်း ဒေ သ များ ၏ ယဉ် ကျေး မှူ မှာ ဟွမ် ဟီး နှင့် ကျန် ဇီ မြစ် ကမ်း ဘေး လူ နေ မှူ ပုံ စံ က ကြီး စွာ လွှမ်း မိုး ထား သည် ။
ဆိုက်ဘေးရီးယားနှင့် ရုရှားအရှေ့ဖျားပိုင်း ဒေသများကိုတော့(Russian asia) ရုရှ-အာရှအပိုင်းဟု သတ်မှတ်ကြသည်။
ဆိုက် ဘေး ရီး ယား နှင့် ရု ရှား အ ရှေ့ ဖျား ပိုင်း ဒေ သ များ ကို တော့ (Russian asia ) ရု ရှ - အာ ရှ အ ပိုင်း ဟု သတ် မှတ် ကြ သည် ။
အာရှအလယ်ပိုင်း(ယခင်ဆိုဗီယက် ပြည်ထောင်စုမှ ပြိုကွဲထွက်လာသော-ရုရှအလယ်ပိုင်း-နိုင်ငံစု)မှာ ကန္တာရဆန်ဆန်နှင့် ရေသွင်းစိုက်ပျိုးရေး၊ ရှေးကျသော ရိုးရာမွေးမြူရေးတို့သည် ထင်ရှားသော လက္ခဏာများပင် ဖြစ်နေတော့သည်။
အာ ရှ အ လယ် ပိုင်း ( ယ ခင် ဆို ဗီ ယက် ပြည် ထောင် စု မှ ပြို ကွဲ ထွက် လာ သော - ရု ရှ အ လယ် ပိုင်း - နိုင် ငံ စု ) မှာ ကန္တာ ရ ဆန် ဆန် နှင့် ရေ သွင်း စိုက် ပျိုး ရေး ၊ ရှေး ကျ သော ရိုး ရာ မွေး မြူ ရေး တို့ သည် ထင် ရှား သော လက္ခ ဏာ များ ပင် ဖြစ် နေ တော့ သည် ။
အာရှ၏ လူနေထူထပ်မှူသည် ရာသီဥတုနှင့် ရေမြေတောတောင် မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ ခွဲခြားနိုင်သည်။
အာ ရှ ၏ လူ နေ ထူ ထပ် မှူ သည် ရာ သီ ဥ တု နှင့် ရေ မြေ တော တောင် မြေ မျက် နှာ သွင် ပြင် ပေါ် မူ တည် ၍ ခွဲ ခြား နိုင် သည် ။
မုတ်သုန်ရာသီဥတုနှင့် မြေဆီဩဇာ ပေါကြွယ်၀သော နုံးတင်မြေနု လွင်ပြင်များသည် လူနေအထူထပ်ဆုံး ဒေသများအဖြစ် သတ်မှတ်နိုင်သည်။
မုတ် သုန် ရာ သီ ဥ တု နှင့် မြေ ဆီ ဩ ဇာ ပေါ ကြွယ် ၀ သော နုံး တင် မြေ နု လွင် ပြင် များ သည် လူ နေ အ ထူ ထပ် ဆုံး ဒေ သ များ အ ဖြစ် သတ် မှတ် နိုင် သည် ။
မြို့ပြလူနေမှူစံနစ်မှာ စက်မှူဖွံ့ဖြိုးသော ဂျပန်၊ ကိုရီးယားနှင့် ထိုင်ဝမ် တို့တွင် အများဆုံးတွေ့နိုင်သည်။
မြို့ ပြ လူ နေ မှူ စံ နစ် မှာ စက် မှူ ဖွံ့ ဖြိုး သော ဂျ ပန် ၊ ကို ရီး ယား နှင့် ထိုင် ဝမ် တို့ တွင် အ များ ဆုံး တွေ့ နိုင် သည် ။
အာရှလူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ မွန်ဂိုမျိုးနွယ်များ ဖြစ်ကြသည်။
အာ ရှ လူ ဦး ရေ ၏ သုံး ပုံ နှစ် ပုံ ခန့် မှာ မွန် ဂို မျိုး နွယ် များ ဖြစ် ကြ သည် ။
ကိုးကွယ်ကြသော အဓိကဘာသာများမှာ ဟိန္ဒူဝါဒ(အိန္ဒိယ)၊ထေရဝါဒ ဗုဒ္ဓဘာသာ(သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လော)၊ ဒလိုင်းလားမားဝါဒခေါ် တိဘက်ဗုဒ္ဓဘာသာ(မွန်ဂိုလီးယားနှင့် တရုတ် အထူးသဖြင့် တိဗက်)၊ အရှေ့အာရှ ဗုဒ္ဓဝါဒ(တရုတ်နှင့် ကိုရီးယားတွင် ကွန်ဖြူးရှပ်ဝါဒ၊ ရှာမန်ဝါဒ၊ တာအိုဝါဒ များနှင့် ရောထွေးနေပြီး ဂျပန်တွင်...
ကိုး ကွယ် ကြ သော အ ဓိ က ဘာ သာ များ မှာ ဟိန္ဒူ ဝါ ဒ ( အိန္ဒိ ယ ) ၊ ထေ ရ ဝါ ဒ ဗုဒ္ဓ ဘာ သာ ( သီ ရိ လင်္ကာ ၊ မြန် မာ ၊ ထိုင်း ၊ ကမ္ဘော ဒီး ယား ၊ ဗီ ယက် နမ် နှင့် လော ) ၊ ဒ လိုင်း လား မား ဝါ ဒ ခေါ် တိ ဘက် ဗုဒ္ဓ ဘာ သာ ( မွန် ဂို လီး ယား နှင့် တ ရုတ် အ ထူး သ ဖြင့် တိ ဗက် ) ၊ အ ရှေ့ အာ ရှ ဗုဒ္ဓ ဝါ ဒ ( တ ရုတ် နှင့် ကို ရီး ယား ...
အစ္စလာမ်ဝါဒ(အနောက်တောင်နှင့် တောင်အာရှ၊ အာရှအနောက်အလယ်ပိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား)၊ ကတ်သိုလစ်ဝါဒ(ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် ဗီယက်နမ်) တို့ဖြစ်ကြသည်။
အစ္စ လာမ် ဝါ ဒ ( အ နောက် တောင် နှင့် တောင် အာ ရှ ၊ အာ ရှ အ နောက် အ လယ် ပိုင်း ၊ မ လေး ရှား နှင့် အင် ဒို နီး ရှား ) ၊ ကတ် သို လစ် ဝါ ဒ ( ဖိ လစ် ပိုင် ၊ အ ရှေ့ တီ မော နှင့် ဗီ ယက် နမ် ) တို့ ဖြစ် ကြ သည် ။
သစ်တောထူထပ်သော အာရှတောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို အဓိက စီးပွားအဖြစ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
သစ် တော ထူ ထပ် သော အာ ရှ တောင် ပိုင်း နှင့် မြောက် ပိုင်း ဒေ သ အ ချို့ တွင် အ မဲ လိုက် ခြင်း ၊ ငါး ဖမ်း ခြင်း တို့ ကို အ ဓိ က စီး ပွား အ ဖြစ် လုပ် ကိုင် နေ ကြ ဆဲ ဖြစ် သည် ။
အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသများတွင် နေရာအတည်တကျ မရှိသော တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော ရွာများ။
အ လယ် ပိုင်း နှင့် အ နောက် တောင် ပိုင်း ဒေ သ များ တွင် နေ ရာ အ တည် တ ကျ မ ရှိ သော တောင် ယာ စိုက် ပျိုး ရေး လုပ် ငန်း ဖြင့် အ သက် မွေး သော ရွာ များ ။
စက်မှူလုပ်ငန်းနှင့် ဂရုတစိုက် စပါးစိုက်ပျိုးရေးကို အာရှတိုက်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ မြစ်ကမ်း၊ ချောင်းကမ်းတစ်လျှောက် လွင်ပြင်များတွင် အတွေ့ရများသည်။
စက် မှူ လုပ် ငန်း နှင့် ဂ ရု တ စိုက် စ ပါး စိုက် ပျိုး ရေး ကို အာ ရှ တိုက် တောင် ပိုင်း နှင့် အ ရှေ့ ပိုင်း ဒေ သ များ ရှိ မြစ် ကမ်း ၊ ချောင်း ကမ်း တစ် လျှောက် လွင် ပြင် များ တွင် အ တွေ့ ရ များ သည် ။
ဒေသအများ၏ ပူလွန်း အေးလွန်းသော ရာသီဥတုနှင့် မညီညာသော မြေပြင်အနေအထားများကြောင့် အာရှတိုက်၏ ၁၀% ခန့်သာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသည်။
ဒေ သ အ များ ၏ ပူ လွန်း အေး လွန်း သော ရာ သီ ဥ တု နှင့် မ ညီ ညာ သော မြေ ပြင် အ နေ အ ထား များ ကြောင့် အာ ရှ တိုက် ၏ ၁၀ % ခန့် သာ စိုက် ပျိုး ရေး လုပ် ငန်း ဖြင့် အ သက် မွေး ကြ သည် ။
လူဦးရေ ထူထပ်လှသော နိုင်ငံများ(တရုတ်၊ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဂျပန်)တွင် အစားအစာများ၏ အဓိကသီးနှံ စပါးကို ပြည်တွင်းစားသုံးမှူအတွက် စိုက်ပျိုးကြသည်။
လူ ဦး ရေ ထူ ထပ် လှ သော နိုင် ငံ များ ( တ ရုတ် ၊ အန္ဒိ ယ ၊ ဘင်္ဂ လား ဒေ့ ရှ် ၊ အင် ဒို နီး ရှား နှင့် ဂျ ပန် ) တွင် အ စား အ စာ များ ၏ အ ဓိ က သီး နှံ စ ပါး ကို ပြည် တွင်း စား သုံး မှူ အ တွက် စိုက် ပျိုး ကြ သည် ။
လူဦးရေ အလွန်မများသော(ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်)နိုင်ငံတို့တွင် စပါးကို ပြည်တွင်း စားသုံးရန်သာမက အဓိက နိုင်ငံခြားပို့ကုန်အဖြစ် စိုက်ပျိုးကြသည်။
လူ ဦး ရေ အ လွန် မ များ သော ( ထိုင်း ၊ ဗီ ယက် နမ် နှင့် ပါ ကစ္စ တန် ) နိုင် ငံ တို့ တွင် စ ပါး ကို ပြည် တွင်း စား သုံး ရန် သာ မ က အ ဓိ က နိုင် ငံ ခြား ပို့ ကုန် အ ဖြစ် စိုက် ပျိုး ကြ သည် ။
အာရှတိုက်၏ အခြား အဓိကသီးနှံများမှာ ဂျုံ၊ ပဲအမျိုးမျိုး၊ ကြံ၊ ဝါ၊ ဂုံလျှော်၊ ပိုးစာပင်၊ ရာဘာ၊ လ္ဘက်နှင့် အုန်း တို့ဖြစ်ကြသည်။
အာ ရှ တိုက် ၏ အ ခြား အ ဓိ က သီး နှံ များ မှာ ဂျုံ ၊ ပဲ အ မျိုး မျိုး ၊ ကြံ ၊ ဝါ ၊ ဂုံ လျှော် ၊ ပိုး စာ ပင် ၊ ရာ ဘာ ၊ လ္ဘက် နှင့် အုန်း တို့ ဖြစ် ကြ သည် ။
စိုက်ပျိုးရေးကို ပင်မစီးပွားရေးအဖြစ် လုပ်ကိုင်နေသော အာရှနိုင်ငံများတွင် လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ ခေတ်မီ သယ်ယူပို့ဆောင်ရေး၊ ကုန်ချောပစ္စည်း ထုတ်လုပ်နိုင်မှူတို့၌ စက်မှူနိင်ငံများကဲ့သို့ပင် တိုးတက်လှသည်။
စိုက် ပျိုး ရေး ကို ပင် မ စီး ပွား ရေး အ ဖြစ် လုပ် ကိုင် နေ သော အာ ရှ နိုင် ငံ များ တွင် လျှပ် စစ် မီး ၊ ကျွမ်း ကျင် လုပ် သား ၊ ခေတ် မီ သယ် ယူ ပို့ ဆောင် ရေး ၊ ကုန် ချော ပစ္စည်း ထုတ် လုပ် နိုင် မှူ တို့ ၌ စက် မှူ နိင် ငံ များ ကဲ့ သို့ ပင် တိုး တက် လှ သည် ။
ဂျပန်၊ တရုတ်၊ ရုရှအာရှနိုင်ငံများ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ နှင့် အစ္စရေးနိုင်ငံတို့သည် စက်မှူထွန်းကားသော နိုင်ငံများ ဖြစ်ကြသည်။
ဂျ ပန် ၊ တ ရုတ် ၊ ရု ရှ အာ ရှ နိုင် ငံ များ ၊ တောင် ကို ရီး ယား ၊ ထိုင် ဝမ် ၊ တူ ရ ကီ ၊ နှင့် အစ္စ ရေး နိုင် ငံ တို့ သည် စက် မှူ ထွန်း ကား သော နိုင် ငံ များ ဖြစ် ကြ သည် ။
ဂျပန်နှင့် အာရှနဂါးလေးကောင် ဟုခေါ်ဆိုကြသော ထိုင်ဝမ်၊ ကိုရီးယား၊ စင်္ကာပူနှင့် ဟောင်ကောင် နိုင်ငံများသည် အာရှတိုက်မှ ထင်ရှားသော စက်မှုနိုင်ငံများ အဖြစ် ထင်ရှားသည်။
ဂျ ပန် နှင့် အာ ရှ န ဂါး လေး ကောင် ဟု ခေါ် ဆို ကြ သော ထိုင် ဝမ် ၊ ကို ရီး ယား ၊ စင်္ကာ ပူ နှင့် ဟောင် ကောင် နိုင် ငံ များ သည် အာ ရှ တိုက် မှ ထင် ရှား သော စက် မှု နိုင် ငံ များ အ ဖြစ် ထင် ရှား သည် ။
လုပ်အားခ ဈေးပေါသော ထိုင်း၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်တောင်ပိုင်း ဒေသများသည်လည်း ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုနိင်ငံများ ဖြစ်လာစေဖို့ ချီတက်နေကြသည်။
လုပ် အား ခ ဈေး ပေါ သော ထိုင်း ၊ အင် ဒို နီး ရှား နှင့် တ ရုတ် ပြည် တောင် ပိုင်း ဒေ သ များ သည် လည်း ဂျ ပန် ၏ ရင်း နှီး မြှုပ် နှံ မှု ဖြင့် စက် မှု နိင် ငံ များ ဖြစ် လာ စေ ဖို့ ချီ တက် နေ ကြ သည် ။
ဂျပန်၊ အန္ဒိယ၊ တရုတ်နှင့် ရုရှအာရှ နိင်ငံများတွင် အလွန်ရှည်သော ရထားလမ်းများနှင့် ရထားလမ်း မိုင်ပေါင်းများစွာ ဖောက်လုပ်ထားပြီးဖြစ်သည်။
ဂျ ပန် ၊ အန္ဒိ ယ ၊ တ ရုတ် နှင့် ရု ရှ အာ ရှ နိင် ငံ များ တွင် အ လွန် ရှည် သော ရ ထား လမ်း များ နှင့် ရ ထား လမ်း မိုင် ပေါင်း များ စွာ ဖောက် လုပ် ထား ပြီး ဖြစ် သည် ။
အာရှနိုင်ငံများ၏ ဝင်ငွေကို အဓိက အထောက်အကူပြုသော လုပ်ငန်းမှာ တွင်းထွက်ပစ္စည်းများ တင်ပို့ခြင်း ဖြစ်သည်။
အာ ရှ နိုင် ငံ များ ၏ ဝင် ငွေ ကို အ ဓိ က အ ထောက် အ ကူ ပြု သော လုပ် ငန်း မှာ တွင်း ထွက် ပစ္စည်း များ တင် ပို့ ခြင်း ဖြစ် သည် ။
အနောက်တောင်အာရှ၊ အလယ်အာရှနှင့် အင်ဒိုနီးရှား တို့မှ ရေနံ ; မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားမှ သံဖြူ ; အိန္ဒိယမှ မန်းဂနိ(စ်) ;တူရကီနှင့် ဖိလစ်ပိုင်မှ ခရိုမိုက် ; တရုတ်မှ တန်စတင်၊ ကျောက်မီးသွေး၊ ဆီနှင့် ခနောက်စိမ်းတို့သည် အာရှတိုက်နိုင်ငံများ၏ ဝင်ငွေအထောက်အကူပြု ပို့ကုန်ပစ္စည်းများ ဖြစ်သည်။
အ နောက် တောင် အာ ရှ ၊ အ လယ် အာ ရှ နှင့် အင် ဒို နီး ရှား တို့ မှ ရေ နံ ; မ လေး ရှား ၊ ထိုင်း နှင့် အင် ဒို နီး ရှား မှ သံ ဖြူ ; အိန္ဒိ ယ မှ မန်း ဂ နိ (စ် ) ; တူ ရ ကီ နှင့် ဖိ လစ် ပိုင် မှ ခ ရို မိုက် ; တ ရုတ် မှ တန် စ တင် ၊ ကျောက် မီး သွေး ၊ ဆီ နှင့် ခ နောက် စိမ်း တို့ သည် အာ ရှ တိုက် နိုင် ငံ များ ၏ ဝင် ငွေ အ ထောက် အ ...
အာရှတိုက်သည် ကမ္ဘာ့ရှေးအကျဆုံး လူနေမှုစံနစ်များ ယဉ်ကျေးမှုများ ထွန်းကားခဲ့သော အရပ်ဖြစ်သည်။
အာ ရှ တိုက် သည် ကမ္ဘာ့ ရှေး အ ကျ ဆုံး လူ နေ မှု စံ နစ် များ ယဉ် ကျေး မှု များ ထွန်း ကား ခဲ့ သော အ ရပ် ဖြစ် သည် ။
ဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့် ပါရှားတို့သည် အလွန်ရှေးကျသော လူနေမှုစံနစ်များ၊ ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ် ကျော်ကြားသည်။
ဆူ မာ ၊ ဘေ ဘီ လုံ ၊ အက်စ် ဆီး ရီး ယား ၊ မီ ဒီ ယာ နှင့် ပါ ရှား တို့ သည် အ လွန် ရှေး ကျ သော လူ နေ မှု စံ နစ် များ ၊ ယဉ် ကျေး မှု များ ထွန်း ကား ခဲ့ ရာ အင် ပါ ယာ များ အ ဖြစ် ကျော် ကြား သည် ။
နောက်ပိုင်းတွင် နေရာ အတည်တကျမရှိ လှည့်လည်သွားလာ နေထိုင်ကြသောဟန်၊ မွန်ဂိုနှင့် တာ့ခ် လူမျိုးစုများသည်လည်း မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အင်ပါယာများ တည်ထောင်လာကြသည်။
နောက် ပိုင်း တွင် နေ ရာ အ တည် တ ကျ မ ရှိ လှည့် လည် သွား လာ နေ ထိုင် ကြ သော ဟန် ၊ မွန် ဂို နှင့် တာ့ခ် လူ မျိုး စု များ သည် လည်း မြောက် ပိုင်း နှင့် အ လယ် ပိုင်း ဒေ သ များ တွင် အင် ပါ ယာ များ တည် ထောင် လာ ကြ သည် ။
မွန်ဂိုများ တန်ခိုးကြီးထွားချိန်တွင် ဥရောပမှ ရှေးဦး ခရီးသွားများ ယင်းဒေသသို့ ရောက်ရှိခဲ့ကြသည်။
မွန် ဂို များ တန် ခိုး ကြီး ထွား ချိန် တွင် ဥ ရော ပ မှ ရှေး ဦး ခ ရီး သွား များ ယင်း ဒေ သ သို့ ရောက် ရှိ ခဲ့ ကြ သည် ။
ထိုခရီးသွားများထဲတွင် အီတလီနိုင်ငံသား မာကိုပိုလိုမှာ ထင်ရှားသည်။
ထို ခ ရီး သွား များ ထဲ တွင် အီ တ လီ နိုင် ငံ သား မာ ကို ပို လို မှာ ထင် ရှား သည် ။
အချင်းချင်း ပဋိပက္ခဖြစ်မှူများအပေါ် အကျိုးရှိရှိ အသုံးချတတ်ခြင်း၊ စက်မှုတော်လှန်ရေးမှ ရရှိလာသော နည်းပညာ အသစ်များကို အသုံးချနိုင်ခြင်း တို့မှ ရှေးဦးစွာ အိန္ဒိယနိုင်ငံဒေသအချို့၊ထို့နောက် အနောက်တောင်နှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ နိင်ငံရေး နယ်ပယ်များတွင် ဝင်ရောက်စွက်ဖက်ပြီး ဥရောပသားတို့ အာဏာ ချဲ့ထွင်လာခဲ့ကြသည်။
အ ချင်း ချင်း ပ ဋိ ပက္ခ ဖြစ် မှူ များ အ ပေါ် အ ကျိုး ရှိ ရှိ အ သုံး ချ တတ် ခြင်း ၊ စက် မှု တော် လှန် ရေး မှ ရ ရှိ လာ သော နည်း ပ ညာ အ သစ် များ ကို အ သုံး ချ နိုင် ခြင်း တို့ မှ ရှေး ဦး စွာ အိန္ဒိ ယ နိုင် ငံ ဒေ သ အ ချို့ ၊ ထို့ နောက် အ နောက် တောင် နှင့် အ ရှေ့ တောင် အာ ရှ နိုင် ငံ များ ၏ နိင် ငံ ရေး နယ် ပယ် များ တွင် ဝင်...
ပထမကမ္ဘာစစ်အပြီး အာရှတွင် ဥရောပသားတို့စိုးမိုးမှု လျော့ကျသွားပြီး အာရှသားတို့လည်း အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာပြီး ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် နှင့် လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုများ စတင်လာကြသည်။
ပ ထ မ ကမ္ဘာ စစ် အ ပြီး အာ ရှ တွင် ဥ ရော ပ သား တို့ စိုး မိုး မှု လျော့ ကျ သွား ပြီး အာ ရှ သား တို့ လည်း အ မျိုး သား ရေး စိတ် ဓာတ် များ နိုး ကြား လာ ပြီး ကိုယ် ပိုင် ဆုံး ဖြတ် ပိုင် ခွင့် နှင့် လွတ် လပ် ရေး ကြိုး ပမ်း လှုပ် ရှား မှု များ စ တင် လာ ကြ သည် ။
ဒုတိယကမ္ဘာစစ်နှင့် ပဋိပက္ခများ၊ တိုက်ပွဲများအကြား အာရှသည် များစွာ အထိနာခဲ့သည်။
ဒု တိ ယ ကမ္ဘာ စစ် နှင့် ပ ဋိ ပက္ခ များ ၊ တိုက် ပွဲ များ အ ကြား အာ ရှ သည် များ စွာ အ ထိ နာ ခဲ့ သည် ။
စစ်ပြီးနှစ်များတွင် ဖြစ်ကြသော နိုင်ငံတကာ ပဋိပက္ခများသည် စတင်သန္ဓေတည်ရာ ဥရောပမှ အာရှသို့ ကမ္ဘာစစ်နှစ်ခုလုံး၏ ဗဟိုအဖြစ် ပြောင်းလာခဲ့ကြသည်။
စစ် ပြီး နှစ် များ တွင် ဖြစ် ကြ သော နိုင် ငံ တ ကာ ပ ဋိ ပက္ခ များ သည် စ တင် သန္ဓေ တည် ရာ ဥ ရော ပ မှ အာ ရှ သို့ ကမ္ဘာ စစ် နှစ် ခု လုံး ၏ ဗ ဟို အ ဖြစ် ပြောင်း လာ ခဲ့ ကြ သည် ။
ကမ္ဘာစစ်များအပြီး စစ်အေးတိုက်ပွဲကာလ၊ ကိုလိုနီနိုင်ငံငယ်များ အဖြစ်မှ လွတ်မြောက်လာခဲ့ကြသော အာရှနိုင်ငံများတွင် စစ်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံရေးတည်ငြိမ်မှု မရှိပေ။
ကမ္ဘာ စစ် များ အ ပြီး စစ် အေး တိုက် ပွဲ ကာ လ ၊ ကို လို နီ နိုင် ငံ ငယ် များ အ ဖြစ် မှ လွတ် မြောက် လာ ခဲ့ ကြ သော အာ ရှ နိုင် ငံ များ တွင် စစ် ပွဲ ငယ် များ ဆက် လက် ဖြစ် ပွား နေ ပြီး နိုင် ငံ ရေး တည် ငြိမ် မှု မ ရှိ ပေ ။
ထိုစစ်ပွဲငယ်များထဲမှ အာရပ်နှင့် အစ္စရေးတိုက်ပွဲများ၊ ကိုရီးယားစစ်ပွဲ၊ ကွန်မြူနစ်အစိုးရများ ပေါ်ထွက်လာသော တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စစ်ပွဲများမှာ တင်းမာမှုအားကြီးသော စစ်ပွဲများဖြစ်သည်။
ထို စစ် ပွဲ ငယ် များ ထဲ မှ အာ ရပ် နှင့် အစ္စ ရေး တိုက် ပွဲ များ ၊ ကို ရီး ယား စစ် ပွဲ ၊ ကွန် မြူ နစ် အ စိုး ရ များ ပေါ် ထွက် လာ သော တ ရုတ် ၊ ကို ရီး ယား နှင့် ဗီ ယက် နမ် စစ် ပွဲ များ မှာ တင်း မာ မှု အား ကြီး သော စစ် ပွဲ များ ဖြစ် သည် ။
သို့သော် ၁၉၆၀တွင် တရုတ်နှင့် ဆိုဗီယက် အက်ကွဲကြောင်း ထခဲ့ပြီး ကြိုးပမ်းလာခဲ့သော ဖက်စပ် ကွန်မြူနစ်တိုက်ကြီး စီမံကိန်းအိပ်မက် ပျက်ပျယ်ခဲ့ရသည်။
သို့ သော် ၁၉ ၆၀ တွင် တ ရုတ် နှင့် ဆို ဗီ ယက် အက် ကွဲ ကြောင်း ထ ခဲ့ ပြီး ကြိုး ပမ်း လာ ခဲ့ သော ဖက် စပ် ကွန် မြူ နစ် တိုက် ကြီး စီ မံ ကိန်း အိပ် မက် ပျက် ပျယ် ခဲ့ ရ သည် ။
ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် နယ်သာလန်တို့သည် အာရှတွင် အဓိကတပ်များအဖြစ် ဆက်လက် တပ်စွဲထားကြသည်။
ဒု တိ ယ ကမ္ဘာ စစ် အ ပြီး တွင် လည်း အ မေ ရိ ကန် ၊ အင်္ဂ လန် ၊ ပြင် သစ် နှင့် နယ် သာ လန် တို့ သည် အာ ရှ တွင် အ ဓိ က တပ် များ အ ဖြစ် ဆက် လက် တပ် စွဲ ထား ကြ သည် ။
သို့သော် စစ်ပြီးခေတ် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် အခြားအာရှနိုင်ငံများသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပို၍လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် ကြိုးစားလာကြသည်။
သို့ သော် စစ် ပြီး ခေတ် အိန္ဒိ ယ ၊ ဂျ ပန် ၊ တ ရုတ် ၊ အင် ဒို နီး ရှား နှင့် အ ခြား အာ ရှ နိုင် ငံ များ သည် ကမ္ဘာ့ ဇာတ် ခုံ ပေါ် တွင် ပို ၍ လွတ် လပ် သော အ ခန်း ကဏ္ဍ မှ ပါ ဝင် နိုင် ရန် ကြိုး စား လာ ကြ သည် ။
တရုတ်၏ အင်အား ကြီးထွားလာမှုနှင့် ဆိုဗီယက်၏ အာရှနိုင်ငံများနှင့် ဆက်ဆံရေး အရှိန်မြှင့် တိုးချဲ့လာမှု(အထူးသဖြင့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများ)တို့သည် ဒေသတွင်း ကွန်မြူနစ်အုပ်စုနှင့် ကွန်မြူနစ်ဆန့်ကျင်သော အုပ်စုတို့အကြား ဆန့်ကျင်ဘက် အင်အားစုများ ယှဉ်ပြိုင်နေမှုဖြင့် အာရှ၏ မငြိမ်သက်မှုကို ပြသနေပြန်သည်။
တ ရုတ် ၏ အင် အား ကြီး ထွား လာ မှု နှင့် ဆို ဗီ ယက် ၏ အာ ရှ နိုင် ငံ များ နှင့် ဆက် ဆံ ရေး အ ရှိန် မြှင့် တိုး ချဲ့ လာ မှု ( အ ထူး သ ဖြင့် အိန္ဒိ ယ နှင့် အ ရှေ့ အ လယ် ပိုင်း အာ ရပ် နိုင် ငံ များ ) တို့ သည် ဒေ သ တွင်း ကွန် မြူ နစ် အုပ် စု နှင့် ကွန် မြူ နစ် ဆန့် ကျင် သော အုပ် စု တို့ အ ကြား ဆန့် ကျင် ဘက် အင် အား စု များ ...
အခြားသောအဖွဲ့များ၏ ၁၉၇၀-၁၉၈၀ နှစ်များ ယှဉ်ပြိုင်မှုများကလည်း မတည်ငြိမ်သော အာရှကို ပိုမိုပီပြင်အောင် သရုပ်ဖော်ပေး နေပြန်ပါသည်။
အ ခြား သော အ ဖွဲ့ များ ၏ ၁၉ ၇၀ - ၁၉ ၈၀ နှစ် များ ယှဉ် ပြိုင် မှု များ က လည်း မ တည် ငြိမ် သော အာ ရှ ကို ပို မို ပီ ပြင် အောင် သ ရုပ် ဖော် ပေး နေ ပြန် ပါ သည် ။
ပုံမှန်တိုးနေသော လူဦးရေတိုးနှုန်းသည် အာရှနိုင်ငံများကို ဆင်းရဲမွဲတေမှူ သက်တမ်းရှည်စေခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်း၊ အလုပ်လက်မဲ့ဦးရေ များပြားလာခြင်း၊ ထိုက်သင့်သော လုပ်အားခ မခံစားရခြင်း၊ သမိုင်းတလျှောက် ကြုံတွေ့လာရသော ခါးသီးမှုများကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း အထိမခံ သည်းခံမှုနည်းပါးခြ...
ပုံ မှန် တိုး နေ သော လူ ဦး ရေ တိုး နှုန်း သည် အာ ရှ နိုင် ငံ များ ကို ဆင်း ရဲ မွဲ တေ မှူ သက် တမ်း ရှည် စေ ခြင်း ၊ ကျန်း မာ ရေး စောင့် ရှောက် မှု လုံ လောက် စွာ မ ပေး နိုင် ခြင်း ၊ အ လုပ် လက် မဲ့ ဦး ရေ များ ပြား လာ ခြင်း ၊ ထိုက် သင့် သော လုပ် အား ခ မ ခံ စား ရ ခြင်း ၊ သ မိုင်း တ လျှောက် ကြုံ တွေ့ လာ ရ သော ခါး သီး မှု များ...
စစ်အင်အား တောင့်တင်းကြသော အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့က အားနည်းသော အိမ်နီးချင်းနိုင်ငံများကို ကျူးကျော်ခြင်းကြောင့် ဒေသတွင်း နိုင်ငံများအကြား တိုက်ပွဲငယ်ကလေးများ အပါတ်စဉ် ဖြစ်ပွားစေသည်။
စစ် အင် အား တောင့် တင်း ကြ သော အီ ရန် ၊ အီ ရတ် ၊ ပါ ကစ္စ တန် ၊ အိန္ဒိ ယ ၊ တ ရုတ် ၊ ဗီ ယက် နမ် နှင့် အင် ဒို နီး ရှား တို့ က အား နည်း သော အိမ် နီး ချင်း နိုင် ငံ များ ကို ကျူး ကျော် ခြင်း ကြောင့် ဒေ သ တွင်း နိုင် ငံ များ အ ကြား တိုက် ပွဲ ငယ် က လေး များ အ ပါတ် စဉ် ဖြစ် ပွား စေ သည် ။
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာသော လူမျိုးစုများ၊ နယ်စပ်နယ်နိမိတ် သတ်မှတ်မှု မမျှတခြင်းများကြောင့် အိန္ဒိယမှ ဒေသအချို့၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ နီပေါနှင့် မြန်မာနိင်ငံတို့မှာ ဒေသတွင်း ပဋိပက္ခများ၊ ပြည်တွင်း ပဋိပက္ခများဖြင့် မအေးချမ်းခဲ့ပေ။
ကိုယ် ပိုင် ဆုံး ဖြတ် ခွင့် နှင့် ကိုယ် ပိုင် အုပ် ချုပ် ခွင့် တောင်း ဆို လာ သော လူ မျိုး စု များ ၊ နယ် စပ် နယ် နိ မိတ် သတ် မှတ် မှု မ မျှ တ ခြင်း များ ကြောင့် အိန္ဒိ ယ မှ ဒေ သ အ ချို့ ၊ အ ရှေ့ အ လယ် ပိုင်း နိုင် ငံ များ ၊ နီ ပေါ နှင့် မြန် မာ နိင် ငံ တို့ မှာ ဒေ သ တွင်း ပ ဋိ ပက္ခ များ ၊ ပြည် တွင်း ပ ဋိ ပက္ခ များ ဖြင့်...
အင်ဒိုနီးရှား၏ စီးပွားပျက်ကပ်သည် ဆူဟာတိုကို ထိုင်ခုံပေါ်မှ ဖယ်ရှားခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အစပြုခဲ့သလို လွတ်လပ်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုများ(အရှေ့တီမော၊ အာချဲနှင့် ပါပူဝါ) ရှိလာခဲ့သည်။
အင် ဒို နီး ရှား ၏ စီး ပွား ပျက် ကပ် သည် ဆူ ဟာ တို ကို ထိုင် ခုံ ပေါ် မှ ဖယ် ရှား ခဲ့ ပြီး ဒီ မို က ရေ စီ နိုင် ငံ အ စ ပြု ခဲ့ သ လို လွတ် လပ် ရေး နှင့် ကိုယ် ပိုင် အုပ် ချုပ် ရေး တောင်း ဆို မှု များ ( အ ရှေ့ တီ မော ၊ အာ ချဲ နှင့် ပါ ပူ ဝါ ) ရှိ လာ ခဲ့ သည် ။
ကမ္ဘာပေါ်တွင် တိုက်ကြီးခြောက်တိုက်ရှိသည့်အနက် အကြီးဆုံး သော တိုက်လည်း ဖြစ်သည်။
ကမ္ဘာ ပေါ် တွင် တိုက် ကြီး ခြောက် တိုက် ရှိ သည့် အ နက် အ ကြီး ဆုံး သော တိုက် လည်း ဖြစ် သည် ။
ကမ္ဘာပေါ်တွင် အထူးခြားဆုံး သော တိုက်ကြီးလည်း ဖြစ်သည်။
ကမ္ဘာ ပေါ် တွင် အ ထူး ခြား ဆုံး သော တိုက် ကြီး လည်း ဖြစ် သည် ။
ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးတို့ ဆည်းကပ်းသည့် အယူဝါဒအားလုံး စတင်ပေါက်ဖွား ရာ ဘူမိနက်သန်မြေလည်း ဖြစ်သည်။
ကမ္ဘာ ပေါ် ရှိ ယဉ် ကျေး သော လူ မျိုး တို့ ဆည်း ကပ်း သည့် အ ယူ ဝါ ဒ အား လုံး စ တင် ပေါက် ဖွား ရာ ဘူ မိ နက် သန် မြေ လည်း ဖြစ် သည် ။
ကမ္ဘာ့လူမျိုးများ စတင် ပေါက်ဖွားရာ ဘူမိနက်သန်မြေလည်း ဖြစ်သည်။
ကမ္ဘာ့ လူ မျိုး များ စ တင် ပေါက် ဖွား ရာ ဘူ မိ နက် သန် မြေ လည်း ဖြစ် သည် ။
ကမ္ဘာ့လူမျိုးများ စတင်ပေါက်ဖွားရာနှင့် ယဉ်ကျေးမှုတို့ စတင် ထွန်းကားရာလည်း ဖြစ်သည်။
ကမ္ဘာ့ လူ မျိုး များ စ တင် ပေါက် ဖွား ရာ နှင့် ယဉ် ကျေး မှု တို့ စ တင် ထွန်း ကား ရာ လည်း ဖြစ် သည် ။
ထိုတိုက်ကြီးကား အာရှတိုက် ဖြစ်လေသည်။
ထို တိုက် ကြီး ကား အာ ရှ တိုက် ဖြစ် လေ သည် ။
ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတို့ ဆည်းကပ်သည့်အယူဝါဒအားလုံး၏ စတင်ပေါက်ဖွားရာ ဘူမိ နက်သန်မြေကား အာရှတိုက်ဖြစ်၏။
ကမ္ဘာ ပေါ် ရှိ ယဉ် ကျေး သော လူ မျိုး တို့ ဆည်း ကပ် သည့် အ ယူ ဝါ ဒ အား လုံး ၏ စ တင် ပေါက် ဖွား ရာ ဘူ မိ နက် သန် မြေ ကား အာ ရှ တိုက် ဖြစ် ၏ ။
ကမ္ဘာ့ လူမျိုးများ၏ စတင်ပေါက်ဖွားရာနှင့် ယဉ်ကျေးမှုများ စတင် ပေါ်ထွန်းရာ ဌာနလည်း ဖြစ်လေသည်။
ကမ္ဘာ့ လူ မျိုး များ ၏ စ တင် ပေါက် ဖွား ရာ နှင့် ယဉ် ကျေး မှု များ စ တင် ပေါ် ထွန်း ရာ ဌာ န လည်း ဖြစ် လေ သည် ။
ကမ္ဘာပေါ်ရှိ တိုက်ကြီးခြောက်တိုက် ရှိသည့်အနက် အကြီးဆုံးသောတိုက်လည်းဖြစ်၏။
ကမ္ဘာ ပေါ် ရှိ တိုက် ကြီး ခြောက် တိုက် ရှိ သည့် အ နက် အ ကြီး ဆုံး သော တိုက် လည်း ဖြစ် ၏ ။
အာရှတိုက်၏ ရာသီဥတုအကြောင်းကို ခြုံ၍ ပြောရန် အလွန်ခက်၏။
အာ ရှ တိုက် ၏ ရာ သီ ဥ တု အ ကြောင်း ကို ခြုံ ၍ ပြော ရန် အ လွန် ခက် ၏ ။
ပူသောတိုက်ကြီးဟု ပြောရမည်လည်း မလွယ်။
ပူ သော တိုက် ကြီး ဟု ပြော ရ မည် လည်း မ လွယ် ။
မိုးအလွန်ရွာသောတိုက်ဟု ပြောရမည်ကလည်း တစ်နေ့လျှင် မိုးရေချိန် နှစ်လက်မကျော် သုံးလက်မ ရွာသောဒေသ ရှိငြားလည်း တစ်နှစ်လုံးနေ၍မှမိုး တစ်ပေါက်မျှ မမြင်ရသောဒေသလည်း ရှိနေသေး၏။
မိုး အ လွန် ရွာ သော တိုက် ဟု ပြော ရ မည် က လည်း တစ် နေ့ လျှင် မိုး ရေ ချိန် နှစ် လက် မ ကျော် သုံး လက် မ ရွာ သော ဒေ သ ရှိ ငြား လည်း တစ် နှစ် လုံး နေ ၍ မှ မိုး တစ် ပေါက် မျှ မ မြင် ရ သော ဒေ သ လည်း ရှိ နေ သေး ၏ ။
အာရှတိုက်ဟူသော အမည်သည် ဟီဗရူဘာသာမှဆင်းသက် ၍ ''အရှေ့''၊ သို့မဟုတ် ''နေထွက်ရာ''ဟုအဓိပ္ပာယ်ရ၏။
အာ ရှ တိုက် ဟူ သော အ မည် သည် ဟီ ဗ ရူ ဘာ သာ မှ ဆင်း သက် ၍ ' ' အ ရှေ့ ' ' ၊ သို့ မ ဟုတ် ' ' နေ ထွက် ရာ ' ' ဟု အ ဓိပ္ပာယ် ရ ၏ ။